အကြောင်းအရာဆီ သွားရန်
PLP Fight Club တံဆိပ်PLP Fight ClubFight Your Limits.

မေးလေ့ရှိသော မေးခွန်းများ

လာမတက်ခင် အများဆုံးမေးကြတဲ့ မေးခွန်းတွေပါ။ ဒီမှာ မပါတာ သိချင်ရင် ဖုန်းခေါ်ပါ သို့မဟုတ် Messenger ကနေ စာပို့ပါ။

စတင်ချင်သူတွေအတွက်

1.ဘာမှ မတတ်သေးပါဘူး၊ အစကနေ စလို့ရမလား?

ရပါတယ်။ အားလုံးက အစကနေပဲ စကြတာပါ။ မကစားဖူးသူတွေကို သီးသန့်အုပ်စုခွဲပြီး ရပ်တည်ပုံကနေ တစ်ဆင့်ချင်း သင်ပေးတာမို့ လိုက်မမီမှာ စိတ်ပူစရာ မလိုပါဘူး။

2.ပြိုင်ပွဲ မဝင်ချင်ဘူး၊ ဝိတ်ချဖို့နဲ့ ကြံ့ခိုင်ဖို့ပဲ လေ့ကျင့်ချင်တာ ရမလား?

ရပါတယ်။ ပြိုင်ပွဲ ဝင်စရာ မလိုပါဘူး။ ဝိတ်ချချင်သူ၊ ကြံ့ခိုင်ချင်သူတွေကို ကိုယ့်ရည်မှန်းချက်အလိုက် အဖွဲ့ခွဲပြီး လေ့ကျင့်ပေးပါတယ်။

3.အမျိုးသမီးတွေရော တက်လို့ရလား?

ရပါတယ်။ အမျိုးသမီးတွေလည်း အများကြီး လာလေ့ကျင့်နေကြပါတယ်။

4.ကလေးတွေ အပ်လို့ရပါသလား၊ ဘယ်အသက်အရွယ်ကစ အပ်လို့ရလဲ?

ကလေးတွေကို အသက် ၁၀ နှစ်ကစပြီး လက်ခံပါတယ်။ ၁၀ နှစ်အောက်ကိုတော့ လက်မခံပါဘူး — သိချင်တာရှိရင် ဆရာနဲ့ ဖုန်းဆက် တိုင်ပင်လို့ရပါတယ်။ အခုလည်း ကလေးသင်တန်းသားတွေ ရှိပါတယ်။

5.အသက်ကြီးသူ၊ ဒါမှမဟုတ် ကိုယ်တောင့်တင်းနေသူ၊ မကြံ့ခိုင်သေးသူ လိုက်နိုင်ပါ့မလား?

လိုက်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ် နိုင်သလောက်ပဲ လေ့ကျင့်ရတာမို့ အတင်းလုပ်ခိုင်းတာ မရှိပါဘူး။ ဆရာကလည်း တစ်ယောက်ချင်း လိုက်ကြည့်ပေးပါတယ်။ ကျန်းမာရေးအရ တစ်ခုခုရှိရင်တော့ ကြိုပြောပြပေးပါနော်။

6.ဒဏ်ရာရမှာ ကြောက်လို့ပါ၊ အန္တရာယ်များပါသလား?

စိတ်ချလို့ရပါတယ်။ စစချင်းမှာ နည်းစနစ်မှန်အောင်နဲ့ ကြံ့ခိုင်အောင်ကိုပဲ အဓိကထား သင်ပေးပါတယ်။ ဆရာက မှားတာကို ချက်ချင်း ပြင်ပေးပြီး အချင်းချင်း ထိုးသတ်လေ့ကျင့်တာ (sparring) ကိုလည်း မလုပ်ချင်ရင် မလုပ်ရပါဘူး။

Class နဲ့ လေ့ကျင့်မှု

7.Lethwei နဲ့ Kickboxing ဘာကွာလဲ၊ နှစ်မျိုးလုံး သင်ပေးပါသလား?

နှစ်မျိုးလုံး တစ်တန်းတည်းမှာ သင်ပေးပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ (Lethwei) မှာ လက်သီး၊ ခြေ၊ တံတောင်၊ ဒူးအပြင် ခေါင်းတိုက်ပါ ပါပါတယ်။ ကစ်ဘောက်ဆင်ကတော့ လက်သီးနဲ့ ခြေကန်ကို အဓိကထားပါတယ်။

8.ဘယ်လောက်ကြာရင် ရလဒ် စတင်မြင်တွေ့ရမလဲ?

လူတစ်ယောက်ချင်း ခန္ဓာကိုယ်အလိုက် ကွာပါတယ်။ ပုံမှန်လာလေ့ကျင့်ရင် ပြောင်းလဲမှုကို ပိုမြန်မြန် မြင်ရတတ်ပါတယ်။

9.တစ်ပတ်ကို ဘယ်နှစ်ခါ လာရမလဲ၊ ကန့်သတ်ချက် ရှိလား?

Branch 1 မှာ လာချင်သလောက် လာလို့ရပါတယ်။ တစ်ပတ် ၆ ရက် တစ်ရက် ၆ session (တနင်္လာ ပိတ်) — ကြိုက်တဲ့ချိန် ဘယ်နှစ်ခါ လာလာ ရပါတယ်။ အားရင် မနက်တစ်ချိန်၊ ညနေတစ်ချိန်လည်း ရပါတယ်။ Branch 2 က တစ်ပတ် ၃ ရက် (ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ) သတ်မှတ်ချိန်နဲ့ပါ။

10.တစ်ယောက်ချင်း သီးသန့် သင်ပေးတာ ရှိလား?

ရပါတယ်။ ဆရာ ဖိုးလပြည့်နဲ့ တစ်ယောက်ချင်း သီးသန့် လေ့ကျင့်လို့ရပါတယ် — တစ်ချိန် (၁ နာရီခွဲ) 50,000 ကျပ်၊ ၁၀ ချိန်စာ တစ်ခါတည်း သွင်းရပါတယ် (500,000 ကျပ်)။ အချိန်ကို ဆရာနဲ့ ညှိလို့ရပါတယ်။

ယူလာရမယ့်ပစ္စည်းနဲ့ အဆောက်အအုံ

11.အတန်းလာရင် ဘာတွေ ယူလာရမလဲ?

လေ့ကျင့်ရေး အဝတ်အစား (တီရှပ်၊ ဘောင်းဘီတို)၊ ရေဘူးနဲ့ မျက်နှာသုတ်ပဝါ ယူလာရင် ရပါပြီ။ လက်အိတ်နဲ့ ပတ်တီးက ကလပ်မှာ ရှိပါတယ်။

12.လက်အိတ် ကိုယ်ပိုင် ဝယ်ရမလား?

မလိုပါဘူး။ ကလပ်က လက်အိတ်ကို သုံးလို့ရပါတယ်။ ကိုယ်ပိုင် ယူလာချင်ရင်လည်း ရပါတယ်။

13.ရေချိုးခန်း၊ အဝတ်လဲခန်းနဲ့ Locker ရှိပါသလား?

ရှိပါတယ်။ ရေချိုးခန်း၊ အဝတ်လဲခန်း၊ Locker တွေ ရှိပြီး ရေချိုးဆပ်ပြာပါ ထားပေးပါတယ်။

14.အဲကွန်း ရှိပါသလား၊ လေ့ကျင့်ရတာ ပူပါသလား?

ရှိပါတယ်။ အဲကွန်းနဲ့ air cooler တွေ တပ်ထားလို့ အဆင်ပြေပြေ လေ့ကျင့်လို့ရပါတယ်။

15.မီးပျက်ရင် အတန်း ရှိသေးလား?

ပုံမှန်အတိုင်း ရှိပါတယ်။ မီးနဲ့ air cooler တွေအတွက် ၆ နာရီစာ အရန်မီး ထားပါတယ်။

လာကြည့်တာနဲ့ စတက်တာ

16.ကလပ်ကို အရင် လာကြည့်လို့ ရလား?

ရပါတယ်။ Branch 1 — တစ်ပတ် ၆ ရက် တစ်ရက် ၆ session (တနင်္လာ ပိတ်)။ Branch 2 — တစ်ပတ် ၃ ရက် (ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ) သတ်မှတ်ချိန်နဲ့ပါ။ လာမယ့်နေ့ ကြိုပြောထားရင် ဆရာက စောင့်ကြိုပေးပါလိမ့်မယ်။

17.ပထမနေ့မှာ ဘယ်လို စတင်ရမလဲ?

အခြေခံကနေ စသင်ပေးပါတယ်။ မကစားဖူးသူတွေနဲ့ပဲ တွဲလေ့ကျင့်ပေးမှာမို့ လိုက်မမီမှာ စိုးရိမ်စရာ မလိုပါဘူး။ လာမတက်ခင် ကြည့်ချင်ရင် ဖွင့်ချိန်အတွင်း ကလပ်ကို လာလို့ရပါတယ်။

18.အခမဲ့ စမ်းတက်ကြည့်လို့ ရလား?

အခမဲ့ စမ်းတက်တာတော့ မရှိပါဘူး။ ဒါပေမဲ့ ကလပ်ကို လာကြည့်ပြီး ဆရာနဲ့ စကားပြောလို့ ရပါတယ်။ ပထမနေ့ကတည်းက အခြေခံကနေ သင်ပေးတာမို့ စိတ်ပူစရာ မလိုပါဘူး။

19.တစ်ရက်ချင်း ပေးပြီး တက်လို့ ရလား?

တစ်ရက်ချင်း ပေးပြီး တက်လို့တော့ မရပါဘူး။ လစဉ်ကြေးနဲ့ပဲ တက်လို့ရပါတယ် — Branch 1 မှာ ၁ လ 150,000၊ Branch 2 မှာ ၁ လ 100,000 ကျပ်ပါ။

20.သင်တန်းကြေး ဘယ်လို ပေးရမလဲ?

လစဉ်ကြေးနဲ့ပါ — ငွေသား ဒါမှမဟုတ် KPay နဲ့ ကလပ်မှာ လာပေးရပါတယ်။ လကုန်တဲ့အထိ စောင့်စရာ မလိုပါဘူး — သွင်းတဲ့နေ့ကနေ တစ်လ ရေတွက်ပါတယ် (၁၆ ရက် သွင်းရင် နောက်လ ၁၆ ရက်အထိ)။

မေးစရာ ကျန်သေးလား

ဖုန်းခေါ်ပါ သို့မဟုတ် Messenger ကနေ စာပို့ပါ။ ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်ပါတယ်။